လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း

25_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀) ရက်နေ့မှ (၂၄-၃-၂၀၂၀) ရက်နေ့အထိ ရွှေတောင်မြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အကြိုညှိနှိုင်းဆောင်ရွက်ခြင်း၊ ကွင်းဆင်းစစ်တမ်းများကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် မြို့နယ် (၂) မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆)စု ၊ ကျေးရွာ (၁၉) ရွာရှိ နေအိမ် (၇၉၀) လုံး ကို ရပ်ရွာလူထုအခြေပြု ပရဟိတအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပြုပြင်ပေးခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#prep_sgw

#bgo_mar2020

Source:           ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events