IDP စခန်းမှ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့သူများအားထောက်ပံ့မှုသတင်း

25_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မံပုံ (RC) IDPစခန်းမှ ကျောက်စခန်းကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့အိမ်ထောင်စု(၁၂)စုအတွက်လည်းကောင်း၊ နွယ်လန်းကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့အိမ်ထောင်စု(၉)စုအတွက်လည်းကောင်း၊ ဂွယ်ကထောင်ကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့ အိမ်ထောင်စု (၁၀၇)စုအတွက်လည်းကောင်း၊ ကြေးနန်းရပ်ကွက်၊ စိန်လုံ၊ ကုန်းလော၊ ဝဝမ်၊ တာဆိုင်း၊ ကျွန်းကုန်း၊ နာမ့်ဆိုင်း၊ မှော်ဝမ်းကလေး၊ ဒဂေါ်၊ ကျခန်းဒပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့ အိမ်ထောင်စု(၁၅)စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁၄၃)စုစာ၊ ပြောင်းရွှေ့ထောက်ပံ့ငွေ (၁၄,၃၀၀,၀၀၀/-) ကျပ်နှင့် (၈,၆၂၂,၀၂၅/-) ကျပ်တန်ဖိုးရှိ (ဆန်၊ ဆီ၊ ဆား၊ ပဲ) ရိက္ခာ(၁)လစာတို့ကို(၂၅-၃-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#kcn_mar2020

Source:           ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events