Covid-19 ရောဂါ နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပြန်ကြားရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယလူမှုအ‌ထောက်အကူပြုအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊‌ ကျော်ကျေးရွာ၊ မောက်လင်းကျေးရွာ၊ မောက်ကျေးရွာ၊ တောင်ယာပြင်ကျေးရွာ၊ ဘော်ပြင်းကျေးရွာများသို့ (၈-၄-၂၀၂၀)ရက်နေ့ (၀၈:၃၀)နာရီမှ (၁၆:၃၀) နာရီအချိန်ထိ COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#mgy_apr2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events