Covid-19 ရောဂါ နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်(၈-၄-၂၀၂၀)ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးတို့နှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင်တာမွေမြို့နယ်၊ တာမွေကြီး(က၊ဂ)ရပ်ကွက်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ ဗျိုင်းရွာမရပ်ကွက်၊ ပျားရည်ကုန်းရပ်ကွက်၊ ရေတွင်းကုန်းရပ်ကွက်၊ နတ်မောက်ရပ်ကွက်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ ကျောက်ထပ်ရပ်ကွက်၊ ကျားကွက်သစ်ရပ်ကွက်တို့တွင်လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့နယ်၊ အမှတ်(၁/၂/၃/၄/၅/၆/၇/၈/၉/၁၀/၁၁)ရပ်ကွက်များတွင် လည်းကောင်း၊ MyanmarNGONetworkအဖွဲ့ မှဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ PPE (၂)စုံ၊ Mask အခု (၁၀၀)၊ လက်သန့်ဆေးရည်၊ 100ml ဗူး (၅၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ဒလမြို့နယ်အတွင်းရှိ ရပ်ကွက် (၂၄)ခုမှ ကျန်ရှိနေသောရပ်ကွက်(၁၉)ခုနှင့် ကျေးရွာ(၂၃)ရွာအား ယာဥ်(၂)စီးဖြင့် အသံချဲ့စက်အသုံးပြု၍ Covid19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသော ဥပဒေများကို လိုက်နာရန် အသိပေးကြေငြာချက်များအား အရာထမ်း၊အမှုထမ်းများမှရပ်ကွက်များအတွင်း သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ygn_apr2020

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events