လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့နှင့် (၇-၄-၂၀၂၀) ရက်နေ့တွင် မိုးသက်လေပြင်းကြောင့် ပြိုကျပျက်စီးခဲ့သော တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာအုပ်စု၊ ဘန်းပြည့်အနောက်ကျေးရွာရှိ နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၁၂,၆၀၀-/) ကျပ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ ကြိမ်ချောင်းဝကျေးရွာမှ နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၈,၄ဝ၀/-)ကျပ်။ စုစုပေါင်းထောက်ပံ့ငွေ (၂၂၁,၀၀၀/-) ကျပ်အား (၈-၄-၂၀၂၀) ရက်နေ့ ၁၆:၂၀ နာရီအချိန်၌ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့နှင့် ပူးပေါင်း၍ ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#tny_apr2020

Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events