လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ လယ်တောင်ယာ၊ တမုတ်ချုံး၊ ရှမ်းအင်းတော်၊ ကမ္မလိုင်း၊ ရေဖြူ၊ တားပလပ်၊ ချောင်းလမု ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင် ဝေငှ ခြင်းတို့အား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_apr2020
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)