COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ကြာကြာကန်ကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာ၊ အုံးပင်စုကျေးရွာ၊ ဇရစ်ဝိုင်းကျေးရွာ၊ ကွမ်းခြံကုန်းကြီးကျေးရွာတို့တွင် (၀၉:၃၀) နာရီမှ (၁၂:၄၅) နာရီ အထိလတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပျံနှံ့လျှက်ရှိသော Covid-19 ကူးစက်ရောဂါနှင့် ပက်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_may2020

Source:     ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events