လေဘေးသင့်ပြည်သူများအား‌ထောက်ပံ့ပေးမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့ (၁၃:၃၀) အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၂၁-၅-၂၀၂၀)ရက်နေ့ (၁၉:၀၀)အချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂,၅၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၈,၈၀ဝ/-) ကျပ်အား ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ha_sgw
#npw_may2020
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events