လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၂-၁၁-၂၀၂၅) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ရေး သရုပ်ပြအခမ်းအနားကို လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (လှည်းကူး) ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ကြိုတင်ခန့်မှန်း၍မရသောငလျင်ဘေးအန္တရာယ်အား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်နှင့် ငလျင်ဘေးအန္တရာယ်ကြုံတွေ့ပါက မိမိအသက်များအား သေဆုံးမှုလျော့ပါး သက်သာစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ငလျင်သဏ္ဌာန် တူဇာတ်တိုက် လေ့ကျင့်ခြင်း၊ ငလျင်လှုပ်ခတ်ပါက ခိုလှုံရာနေရာသို့ ရွေ့ပြောင်းခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် ဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရှေးဦးပြုစုခြင်း၊ ဆေးရုံဆေးခန်းသို့ပို့ဆောင်ခြင်း၊ … Read more
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၂-၁၁-၂၀၂၅) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု(အင်ကြင်းစု၊ ဖက်တဲကုန်း၊ ဖြုတ်ကုန်း) ကျေးရွာများ၊ ဥယျာဉ်ကျေးရွာအုပ်စု (ဆင်တဲကြီး(တ)ဆင်တဲကြီး(မ)) ကျေးရွာများနှင့် ဇီးကုန်ကျေးရွာအုပ်စု၊ ကုလားရွာကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည် နှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_nov_2025 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၁-၁၁-၂၀၂၅ ) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု (လယ်သာ၊ ဂုံမင်းကွင်း၊ လဲ့ပြင်ကွင်း၊ ဇလုပ်ကြီး) ကျေးရွာများနှင့် ညောင်လူးကျေးရွာအုပ်စု (ကျောက်စရစ်ကုန်း၊ညောင်လူး၊ကျောင်းစု) ကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည် နှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_nov_2025 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၁၁-၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ လှိုင်းဘွဲမြို့နယ်၊ ဝင်းစိန်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦးတို့အား သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဘေးအန္တရာယ် (၉) မျိုးလက်ကမ်းစာစောင်များဝေငှခြင်း၊ ငလျင်ဘေးဗီနိုင်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_nov_2025 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းဆဲလ်အခြေအနေသတင်း အမှတ်စဉ် (၈/၂၀၂၅)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- လေဖိအားနည်းဆဲလ်အခြေအနေသတင်း အမှတ်စဉ် (၈/၂၀၂၅) ၁။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံကုန်းတွင်းပိုင်း ဒေသများကို ဖြတ်ကျော်လျက်ရှိသော လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။ ၂။ ယခုသတင်းသည် တိုင်ဖွန်းမုန်တိုင်း“ခန့်မေဂီ”(KALMAEGI)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်းဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း အမှတ်စဉ် (၇/၂၀၂၅)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း အမှတ်စဉ် (၇/၂၀၂၅) (က) လေဖိအားနည်းရပ်ဝန်းအခြေအနေ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများကို ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပါသည်။ (ခ) နောက် ၁၂ နာရီအတွင်းခန့်မှန်းချက် အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး … Read more
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၁၁-၂၀၂၅)ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်အထိ လှိုင်းဘွဲ့မြို့နယ်၊ မဲဆမိတ်ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ)တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀)ဦး တို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာ(၁)ချပ် ပေးအပ်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_nov_2025 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေသတင်း အမှတ်စဉ် (၆/၂၀၂၅)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေသတင်း အမှတ်စဉ် (၆/၂၀၂၅) (က) ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံကုန်းတွင်းပိုင်း ဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပါသည်။ (ခ) နောက် ၁၂ နာရီအတွင်းခန့်မှန်းချက် … Read more
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အပူပိုင်းမုန်တိုင်း “ခန့်မေဂီ” အခြေအနေသတင်း အမှတ်စဉ် (၅/၂၀၂၅)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- အပူပိုင်းမုန်တိုင်း “ခန့်မေဂီ” အခြေအနေသတင်း အမှတ်စဉ် (၅/၂၀၂၅) (က) အပူပိုင်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI) အခြေအနေ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံကမ်းခြေ ကို ဒါနန်းမြို့၏ တောင်ဘက်(ကွီညန်းမြို့အနီး)မှ ဖြတ်ကျော်ခဲ့သော တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI) သည် … Read more
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ မြန်မာစံတော်ချိန် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ”အခြေအနေသတင်း အမှတ်စဉ် (၄/၂၀၂၅)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အခြေအနေသတင်း အမှတ်စဉ် (၄/၂၀၂၅) (က) တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI) အခြေအနေ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI) သည် အနောက် ဘက်သို့ ရွေ့လျားခဲ့ပြီး … Read more