ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

26_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ရွှေကံသာရပ်၊ ကျွဲတဲကျေးရွာ အုပ်စု၊ အောင်သပြေကျေးရွာနှင့် မြို့ခင်းသာ ကျေးရွာအုပ်စု၊ မှိုက်ပင်ကုန်းကျေးရွာ တို့တွင် (၂၄-၉-၂၀၁၉) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁)လုံးနှင့် ပြိုကျပျက်စီး အိမ်ခြေ(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု(၂)စုစာ၊ အိမ်သုံးပစ္စည်းများ မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု(၃)စု စာနှင့် ဘေးသင့်ပြည်သူ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုး(၅၆,၇၀၀)၊ စုစုပေါင်း (၂၅၆,၇၀၀)ကျပ်တို့အား (၂၅-၉-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

#ha_fld
#mgy_sep2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

  • Upcoming Events