အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းမှုစာရင်း

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခြင်း

နိုင်ငံတော်အတွင်း အချိန်ကာလအလျောက်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျ ပြုလုပ်ထားနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို လျင်မြန်သွက်လက်စွာနှင့်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းကောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၃၁-၅-၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၀/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

“အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ” ဖွဲ့စည်းထားရှိမှုအား အောက်ပါ Link တွင် ဖတ်ရှုလေ့လာနိုင်သည်-

NNDMC Constitution (အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခြင်း)

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏အောက်တွင် လုပ်ငန်းကော်မတီ (၁၂) ခု ထပ်မံဖွဲ့စည်းထားရှိမှုအား အောက်ပါ Link တွင် ဖတ်ရှုလေ့လာနိုင်သည်-

၁။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ

၂။ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီ

၃။ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ

၄။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီ

၅။ လုံခြုံရေး လုပ်ငန်းကော်မတီ

၆။ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ

၇။ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ

၈။ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ

၉။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ

၁၀။ ကနဦး လိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ

၁၁။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ

၁၂။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ

 

Sign Up

  • Upcoming Events