လတ်တလောဆောင်ရွက်မှုများ

(၁)     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် (IOM) အဖွဲ့တို့ပူးပေါင်း၍ “အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ တိုးတက်ကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုနှင့် အသိအမြင်တို့မှတစ်ဆင့် လက်ခံနိုင်ငံများ၌ အရေးပေါ်အခြေအနေများတွင် ရွှေ့ပြောင်းသွားလာနေထိုင်သူများအပေါ် ဘေးအန္တရာယ်ကျရောက်မှု လျော့ချနိုင်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲ” ကို (၁၄-၁-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ Royal Ace Hotel (နေပြည်တော်) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။      

(၂) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် (MOU/ LOA) လက်မှတ်ရေးထိုး၍ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၈-၁-၂၀၁၆) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်ခန့်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန (အစည်းအဝေးခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

(၃)     (၈-၁-၂၀၁၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ UNDP၊ UN-Habitat အဖွဲ့ အစည်းများပူးပေါင်း၍ “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်ရိုးညွှန်းတမ်းများ သုံးသပ်အကြံပြုဆွေးနွေးပွဲ”  ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ UNDPနှင့် UN-Habitat အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(၄)     ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်ခန့်တွင် Church World Service (CWS) အဖွဲ့အစည်းမှ Country Representative ဖြစ်သူ Ms.Yoko Ito,Program Manager ဖြစ်သူ ဦးရဲထွေးတို့မှ (MOU) လက်မှတ်ရေးထိုးရန်အတွက် ညွှန်ကြားရေးမှူးချုပ်အား လာရောက်တွေ့ဆုံခဲ့ပါသည်။

(၅)    (၆-၁-၂၀၁၆) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ “အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကျင်းပရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကားပြောကြားသည်။ အဆိုပါအစည်းအဝေးသို့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်နှင့် စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှ တာဝန်ရှိသူများ၊ သဘာ၀ ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(၆)    (၃၀-၁၂-၂၀၁၅) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (ကချင်ပြည်နယ်ဦးစီးမှူးရုံး)မှ ဦးစီး၍ “သဘာဝဘေးအသိပညာပေးဟော‌ပြောပွဲ” အား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟော‌ပြောပွဲသို့ ရပ်ရွာလူထု (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(၇)     (၂၉-၁၂-၂၀၁၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ အုပ်စု၊ ရွာလယ်ဘုန်းတော်ကြီးကျောင်း၌ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (ပြည်ခရိုင်ဦးစီးမှူးရုံး)မှ ဦးစီး၍  “ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်လျော့ပါးစေရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ” အား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရပ်ရွာလူထု (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(၈)    ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်ခန့်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရ%

Sign Up

Upcoming Events