ကယ်ဆယ်ရေးပစ္စည်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဘေးအန္တရာယ်ဖြစ်ပွားမှုအခြေအနေများတွင် ထောက်ပံ့ပေးနေမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်

(က) ဘေးသင့်အိမ်ထောင်စု(၁)စုလျှင်ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၁)ယူနစ်ထောက်ပံ့ခြင်း၊

– ကျားလုံချည် (၁)ထည်

– မလုံချည် (၁)ထည်

– စောင် (၁)ထည်

– မျက်နှာသုတ်ပ၀ါ (၁)ထည်

– ဒန်အိုး (၁)လုံး

– ဇလုံ (၁)လုံး

– ကာဘော်လိပ်ဆပ်ပြာ (၁)တောင့်

– တီရှပ် (၂)ထည်

– နှစ်ယောက်အိပ်ချည်ခြင်ထောင် (၁)လုံး

( ခ) ဘေးသင့်အိမ်ခြေ(လုံးဝပျက်စီး)အိမ်(၁)လုံးလျှင်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀၀၀၀ိ/-) ထောက်ပံ့ခြင်း၊

(အိမ်အမျိုးအစားအပေါ်မူတည်၍၂၀၀၀၀ိ/-မှ၅၀၀၀၀ိ/-ထိထောက်ပံ့ပါသည်)

( ဂ) ဘာသာရေးကျောင်း(ဘုန်းကြီးကျောင်း၊ ဗလီ၊ ဘုရားရှိခိုးကျောင်း)(လုံးဝပျက်စီး)ကျောင်း (၁)ကျောင်းလျှင်ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀ိ/-)ထောက်ပံ့ခြင်း၊

(ဃ) ဘေးသင့်လူဦးရေလူကြီး(၁၂နှစ်နှင့်အထက်)(၁)ဦးလျှင်(၁)ရက်ဆန်နို့ဆီဘူး(၃)ဘူးနှင့် ကလေး(၁၂နှစ်အောက်)(၁)ဦးလျှင်(၁)ရက် ဆန်နို့ဆီဘူး(၁.၅)ဘူးနှုန်းထောက်ပံ့ခြင်း၊

(လိုအပ်ချက်အရ ၃ရက်စာမှ ၁လစာအထိထောက်ပံ့ပါသည်)

( င) ဘေးကြောင့်သေဆုံးသူလူကြီး(၁၈နှစ်နှင့်အထက်)(၁)ဦးလျှင်(၁၀၀၀၀၀ိ/-)နှင့်ကလေး (၁၈နှစ်အောက်)(၁)ဦးလျှင်(၅၀၀၀၀ိ/-)နှုန်းထောက်ပံ့ခြင်း၊

( စ) ဘေးသင့်သံဃာ(၁)ပါးလျှင် သင်္ကန်း(ဒွိစုံ)(၁)စုံနှင့် သီလရှင်(၁)ပါးလျှင် ကိုယ်ရုံ (၁)စုံ ထောက်ပံ့ခြင်း၊

(ဆ) ဘေးသင့်အိမ်ခြေများအနက် အချို့ပျက်စီးသည့်(အမိုးလန်၊ အကာပျက်စီး)အိမ်ခြေများမှ အိမ်ထောင်စုများနှင့်ရေဘေးကြောင့်ယာယီပြောင်းရွှေ့သည့်အိမ်ထောင်စုများအတွက်လည်း

ဆန်ဖိုးငွေနှင့်ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးထောက်ပံ့ပေးခြင်း၊

(ကျားလုံချည်၁ထည်၊ မလုံချည်၁ထည်၊ တဘက်၁ထည်၊ကာဘော်လိပ်ဆပ်ပြာ၁တောင့်)

 

 

 

Sign Up

  • Upcoming Events